朱蕾

တရုတ်နိုင်ငံ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု စီမံကိန်းအဖွဲ့ (UNDP) တို့သည် ဆင်းရဲမှု လျှော့ချရေးနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် ဗီဒီယို အစည်းအဝေးကို ကျင်းပ

(GMT+08:00)2020-09-28 10:38:35  

  ယခုလ ၂၆ ရက်နေ့က တရုတ်နိုင်ငံ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု စီမံကိန်းအဖွဲ့ (UNDP) တို့သည် ဆင်းရဲမှု လျှော့ချရေးနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့် ဗီဒီယို အစည်းအဝေးကို ပူးတွဲ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အစည်းဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ဝမ်ယိက ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ စီးပွါးရေး တည်ငြိမ်ရေးနှင့် ပြည်သူလူထုများ နေထိုင်မှုဘဝ အားမခံပေးရေးဆိုင်ရာ တာဝန်များကို ရင်ဆိုင်နေရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနှင့် သွေးစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။