朱蕾

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေသည် ဟောင်ကောင်အား ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေမည်ဟု လူ့အခွင့် အရေးကောင်စီတွင် ဟောင်ကောင်ကိုယ်စားလှယ် ပြောကြား

(GMT+08:00)2020-09-17 09:23:38  

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေသည် ဟောင်ကောင်အား ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေမည်ဟု လူ့အခွင့် အရေးကောင်စီတွင် ဟောင်ကောင်ကိုယ်စားလှယ် ပြောကြား_fororder___172.100.100.3_temp_9500033_1_9500033_1_6016_9256a358-9f03-4822-a1d4-40a449bfa4e4

  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၅ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက် သော တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်၊ ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အစိုးရရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကျမ်းကျန့်ကျုံး သည် ယင်းအစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

  ကျမ်းကျန့်ကျုံးက ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ မခွဲခွာနိုင်သည့်အစိတ်အပိုင်း ဖြစ်ပါကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေးဥပဒေကို ရေးဆွဲချမှတ်ခဲ့သည့်ရည်မှန်းချက်သည် ဟောင်ကောင်တွင် တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသည့် နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့အနေနှင့် ဟောင်ကောင်ဒေသအား လုံခြုံရေးနှင့် တည်ငြိမ်းရေး ပြန်လည်ရရှိနိုင်ရန် ထိရောက်သော ဆောင်ရွက်ချက်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ယင်း ဥပဒေသည် “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး”မူဘောင်ကို ပိုမို ခိုင်မာစေပြီး ဟောင်ကောင်အား ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။