朱蕾

ပြတ်သားသော ဘက်ပေါင်းစုံမူဝါဒဖြင့် တစ်ဖက်သတ်မူဝါဒကို ထိန်းချုပ်ဟန့်တား

(GMT+08:00)2020-09-17 10:27:21  

  ယခုလ ၁၅ရက်နေ့တွင် အွန်လိုင်းနည်းလမ်းဖြင့် ဖွင့်လှစ်ခဲ့သော ၇၅ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ၇၅ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံဥက္ကဋ္ဌ ဗိုလ်ကန် ဘိုဇ်ကာက ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရသော အခုလို အခြေအနေမျိုး၌ နိုင်ငံ တကာ မိသားစုကြီးအနေနှင့် ဘက်ပေါင်းစုံမူဝါဒကိုပိုပြီး ကြံ့ခိုင်ပြတ်သားစွာ ထိန်းသိမ်း ကာကွယ်၍ တစ်ဖက်သတ်မူဝါဒကို ကန့်ကွက်ကာ ကုလသမဂ္ဂအပေါ် ယုံကြည်မှုကို ထူထောင်သင့်ကြောင်း အသီးသီး အလေးထားဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  ထိုနေ့တွင်ပင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အမေရိကန် ဒေါ်လာဘီလီယံ ၂၀၀ ကျော် တန်ဖိုးရှိသော တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန် အစိုးရမှ အခွန်တော် ကောက်ယူ ခြင်းသည် တရားမဝင်ဟု စီရင်ဆုံးဖြတ်ကြောင်း၊ ယင်းတရားမျှတမှန်ကန်သည့် စီရင် ဆုံးဖြတ်ချက်သည် ဘက်ပေါင်းစုံမူဝါဒအနေနှင့် တစ်ဖက်သတ် မူဝါဒအပေါ် အားကောင်း သော တုံ့ပြန်မှု တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတကာမိသားစုကြီးက ကျယ်ပြန့်စွာ ယူဆကြ ကြောင်း China Media Group ကဖော်ပြသည်။

  ဘက်ပေါင်းစုံမူဝါဒသည် လက်ရှိ နိုင်ငံတကာစည်းစနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပြီး နိုင်ငံအသီးသီးတို့၏ အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး အာမခံချက်လည်းဖြစ်ကာ ဘက်ပေါင်းစုံမူဝါဒ၏ အခန်းကဏ္ဍကို အစားထိုး၍ မရကြောင်း China Media Group ကဖော်ပြသည်။

  အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် နိုင်ငံ အနေနှင့် တရုတ်ပြည်သည် ဘက်ပေါင်းစုံမူဝါဒအပေါ် ပူးပေါင်းဆောင်ရွက်သူနှင့် ကြံ့ခိုင် ပြတ်သားသော ထောက်ခံသူတစ်လျှောက်လုံး ဖြစ်ကြောင်း China Media Group ကဖော်ပြသည်။