朱蕾

ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်း ခံရသည့် ယိုရှီဟီတေထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2020-09-17 11:13:52  

  ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းခံရသည့် ယိုရှီဟီတေအား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ သဝဏ်လွှာတွင် တရုတ် နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်နှင့်ဂျပန်တို့သည် ချစ်ခင် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး၊ အာရှနှင့် ကမ္ဘာအတွက် အရေးကြီးသော နိုင်ငံ များဖြစ်ကြောင်း၊ရေရှည်တည်ငြိမ်ရင်းနှီးသော တရုတ်-ဂျပန် ဆက်ဆံမှုသည် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီပြီး အာရှနိုင်ငံများနှင့် ကမ္ဘာ၏ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်သာယာရေးအတွက်လည်းအကျိုးရှိသည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။