朱蕾

တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီများ တရုတ်ပြည်မှ မထွက်ခွါလို၊ တရုတ်-အမေရိကန် ချိတ်ဆက်မှု ဖြတ်တောက်ရန် ထင်မြင်သည့်အတိုင်း လွယ်ကူမည် မဟုတ်

(GMT+08:00)2020-09-17 10:25:52  

     

 

တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီများ တရုတ်ပြည်မှ မထွက်ခွါလို၊ တရုတ်-အမေရိကန် ချိတ်ဆက်မှု ဖြတ်တောက်ရန် ထင်မြင်သည့်အတိုင်း လွယ်ကူမည် မဟုတ်_fororder_微信图片_20200917102336

တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီများ တရုတ်ပြည်မှ မထွက်ခွါလို၊ တရုတ်-အမေရိကန် ချိတ်ဆက်မှု ဖြတ်တောက်ရန် ထင်မြင်သည့်အတိုင်း လွယ်ကူမည် မဟုတ်_fororder_微信图片_20200917102339

ဂျပန် Nikkei Asian Review မှ ယခုလ ၁၂ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် အမေရိကန် သမ္မတ ထရန့်သည် တရုတ်-အမေရိကန် ဆက်ဆံမှု ဖြတ်တောက်ရန် လှုံ့ဆော်ဝါဒဖြန့်စေကာမူ တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီ အများစုသည် တရုတ်ပြည် တွင် ၄င်းတို့၏ စက်ရုံများကို မပြောင်းရွှေ့လိုဟု ဖော်ပြကြကြောင်း၊ ဒီထက်မကဘဲ ဘက်ထရီသုံးကား ထုတ်လုပ်သည့် ကုမ္ပဏီ Tesla အပါအဝင် အမေရိကန်  ကုမ္ပဏီ အချို့သည် တရုတ်ပြည်မှ ထွက်ခွါခြင်း မရှိဘဲ တရုတ်ပြည်တွင် ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုတောင် တိုးချဲ့ခဲ့ကြောင်း ဖော်ပြသည်။

  မကြာခင်က ဗြိတိန် နိုင်ငံ Guardian မှ ထုတ်ပြန်ခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံသည် အပြန်အလှန် မှီခိုအားထားရမှု ရှိသလို အပြန်အလှန် ရောနှောပေါင်းစပ်ခြင်းလည်း ရှိကြောင်း၊ ချိတ်ဆက်မှု ဖြတ်တောက်ခြင်းမှ ဆောင်ကြဉ်း လာသော ထိခိုက်မှုသည် အန္တရာယ် ကြီးမားလှကြောင်း ဖော်ပြသည်။