朱蕾

ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီ၏ ဝန်ရှင်တော်မင်းကြီးအား လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2020-09-17 11:12:46  

  ယခုလ ၁၆ ရက်နေ့တွင် တရုတ် နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီ နိုင်ငံ ဝန်ရှင်တော်မင်းကြီး ဒါဒါအား ပါပူဝါနယူးဂီနီ ၄၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။

  ရှီကျင့်ဖိန်က ပါပူဝါနယူးဂီနီ လွတ်လပ်ရေး ရရှိခဲ့သည့် ၄၅ နှစ်အတွင်း နိုင်ငံတော်တည်ဆောက်ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူလူထု၏ နေထိုင်မှုဘ၀ အဆင့်အတန်း တိုးတက်လာခဲ့ပြီဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။