张晓宁

စွဲကိုင်ချက် ၄ခုသည် တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံမှုကိုပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိရန် တွန်းအားပေးမည်

(GMT+08:00)2020-09-16 16:09:06  

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၄ရက်နေ့ ညက ပီကင်းတွင် ဥရောပသမဂ္ဂ အလှည့်ကျ သဘာပတိနိုင်ငံ ဂျာမဏီဝန်ကြီးချုပ် မာကယ်၊ ဥရောပကောင်စီဥက္ကဋ္ဌ မီရှယ်လ်၊ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလင်နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးပွဲကို အတူကျင်းပကြရာ တရုတ်နှင့် ဥရောပသမဂ္ဂတို့ အနေနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တံခါးဖွင့်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဘက်ပေါင်းစုံမူဝါဒ၊ တိုင်ပင်ဆွေးနွေးရေးများကို စွဲကိုင်ရန် တိုက်တွန်းချက် ၄ခုကို အဆိုပြုတင်ပြပြီး အဆင့်ပိုမိုမြင့်မားသည့် တရုတ်-ဥရောပ သမဂ္ဂ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုအတွက် ဦးတည်ချက်ကို ညွှန်ပြ ပေးကြောင်း၊ နှစ်ဖက်တို့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုး ရလဒ်များ ရရှိခဲ့ခြင်းသည်  တရုတ်နှင့် ဥရောပသမဂ္ဂတို့ အနေနှင့် ဘက်ပေါင်းစုံ ဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးအပေါ် ပြတ်ပြတ်သားသား အားပေး ထောက်ခံသည့် အချက်ပြလိုက်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်မှု နာလန် ပြန်ထူရေးအတွက် အားဖြည့်ပေးနေကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၄၅နှစ် ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တိုက်တွန်းချက် ၄ခု အပေါ် ဥရောပသမဂ္ဂ ထိပ်သီးခေါင်းဆောင်များသည် တက်ကြွစွာတုံ့ပြန်ကြကြောင်း၊ ၄င်းတို့က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ် လိုကြောင်း၊ လူ့အခွင့်အရေး စသည့် နယ်ပယ်များတွင် တရုတ်ပြည်နှင့် တန်းတူ ညီမျှစွာ အပြန်အလှန် လေးစားမှုရှိစွာဖြင့် ဆွေးနွေးပွဲကိုကျင်းပပြီး မတူခြားနားမှုနှင့် သဘောကွဲလွဲမှုများကို သင့်လျော်ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့် ကြောင်း ဖော်ပြသည်။