张晓宁

တရုတ်ပြည်သည် ကုလသမဂ္ဂ၏ လုပ်ငန်းများနှင့် ဘက်ပေါင်းစုံဝါဒတို့၏ ကြံ့ခိုင်သော အားပေး ထောက်ခံသူဖြစ်ဟု ပီရူးဝေဖန်ရေးသမားဆို

(GMT+08:00)2020-09-16 16:14:46  

ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်နှစ်ဖြစ်သည်။ ပီရူးနိုင်ငံအစိုးရပိုင် El Peruano နေ့စဉ်သတင်းစာမှ ဝေဖန်ရေးသမားJulio Panduro က တရုတ်ပြည်သည် ကုလသမဂ္ဂ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအနေနှင့်၊ ကုလသမဂ္ဂ၏ သြဇာအာဏာနှင့် အခန်းကဏ္ဍကို အစဉ်တစိုက် ကြံ့ခိုင်ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ၊ ဘက်ပေါင်းစုံဝါဒကို ပြတ်သားစွာကာကွယ်နိုင် ခဲ့ကြောင်း မကြာခင်က China Media Group မှသတင်းထောက်အား ပြောကြားခဲ့သည်။

တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည်။ ကုလသမဂ္ဂ၏ ထောက်ခံမှုနှင့် ဦးဆောင်မှုကြောင့် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ တရုတ်ပြည်အနေနှင့် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆင်းရဲမှုပပျောက်စေရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း Julio က မှတ်ချက်ပြုခဲ့သည်ဟု သတင်းအရ သိရသည်။