张晓宁

အမေရိကန်သည် “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” ကို အကြောင်းပြပြီး ရှင်းကျန်း ဝါဂွမ်း ထုတ်ကုန်ပစ္စည်းများကို အရေးယူပိတ်ဆို့၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသည် မရှိတာကိုလုပ်ကြံခြင်း ဖြစ်ပြီး အဖြစ်မှန် လုံးဝ မဟုတ်ဟု ဆို

(GMT+08:00)2020-09-16 16:12:28  

အမေရိကန် အကောက်ခွန်ဌာနနှင့် နယ်စပ် ကာကွယ်ရေး ဦးစီးဌာနတို့သည် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း သံသယ ရှိသည် ဟူသော အကြောင်းပြချက်ဖြင့် တရုတ် ကုမ္ပဏီ ငါးခုနှင့် ကုန်ထုတ်လုပ်မှု စက်ရုံ တစ်ရုံမှ ဝါဂွမ်း ထုတ်ကုန်ပစ္စည်းများကို တင်သွင်းရန် ပိတ်ပင်မည်ဟု ကြေညာခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က၊ အမေရိကန်၏ ယင်းလုပ်ရပ်သည် မရှိတာကို အရှိဖြစ်အောင် လုပ်ကြံခြင်းဖြစ်ပြီး အဖြစ်မှန် လုံးဝ မဟုတ်ကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် ပြောင်ပြောင်တင်းတင်း ဗိုလ်ကျစိုးမိုးခြင်း ဖြစ်ပြီး တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ကန့်ကွက်ကြောင်း၊ တရုတ်ပြည် လုပ်သားများ၏ အစိတ်အပိုင်း အဖြစ်ဖြင့် ရှင်းကျန်းမှ တိုင်းရင်းသားလူမျိုးစု လုပ်သားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွါးများကို ဥပဒေအရ ထိန်းသိမ်းကာကွယ်မှု အမြဲ ရှိသည့်အတွက် “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” ဟူသည်မှာ လုံးဝ မတည်ရှိကြောင်း ယခုလ ၁၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။