张晓宁

ကောင်းမွန်သောလူ့အခွင့်အရေးအာမခံဆောင်ရွက်ချက်များသည် ကိုဗစ် ၁၉ မှ ဂယက် ရိုက်ခတ်မှုကို လျော့နည်းစေနိုင်ဟု ကုလလူ့အခွင့်အရေး Commissioner ဆို

(GMT+08:00)2020-09-16 16:10:35  

ကုလသမဂ္ဂ လူ့အခွင့်အရေး Commissioner Michelle Bachelet က ကောင်းမွန် သော လူ့အခွင့်အရေးအာမခံဆောင်ရွက်ချက်များသည် ကိုဗစ် ၁၉ ရောဂါမှ ဂယက်ရိုက်ခတ်မှုများကို လျော့နည်းစေနိုင်ကြောင်း၊ လက်ရှိ တင်းမာခက်ခဲသော ကိုဗစ် ၁၉ အခြေအနေတွင် နိုင်ငံအချို့မှ ပြီးပြည့်စုံသော ဆေးဝါကုသရေးနှင့် လူမှုရေးဆိုင်ရာ အာမခံစနစ်သည် သော့ချက်ကျသောအခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ပြီး၊ ပြည်သူလူထုများ၏ အခြေခံအခွင့်အရေးကို ပိုမိုကောင်းမွန်စွာ အာမခံပေးနိုင်ခဲ့ကြောင်း ယခုလ ၁၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံဂျီနီဗါ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ  သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ ၄၅ ကြိမ်မြောက် အစည်းအဝေးဖွင့်လှစ်ခဲ့သည့် ပထမရက်၌ ကျင်းပသော လူ့အခွင့်အရေးအာမခံပေးမှုအပေါ် ကိုဗစ် ၁၉မှ ဂယက်ရိုက်ခတ်မှု ရေးရာအထူးနှီးနှောဖလှယ်ပွ္ပဲတွင် Bachelet က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းအရ သိရသည်။