张晓宁

တရုတ်-ဥရောပ ပထဝီ indication သဘောတူညီချက် တရားဝင်လက်မှတ်ရေးထိုးခြင်းသည် နှစ်ဖက် ပညာမူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေးနယ်ပယ်ကို တစ်ဆင့်တိုးချဲ့ခြင်းဖြစ်သည်ဟုပညာရှင်ဆို

(GMT+08:00)2020-09-16 16:08:28  

ယခုလ ၁၄ ရက်နေ့တွင် တရုတ်၊ဂျာမဏီ၊ ဥရောပခေါင်းဆောင်တို့သည် ဗီဒီယိုတွေ့ဆုံပွဲ ကျင်းပခဲ့ရာ တရုတ်-ဥရောပဆက်ဆံရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ပြီး လာမည့်အဆင့်ကာလ တရုတ်-ဥရောပဆက်ဆံရေးအတွက် ဦးတည်ချက်ချမှတ်ကာ အရေးကြီးနယ်ပယ်များကို သတ်မှတ် ထားခဲ့ပါသည်။ ထိုနေ့တွေ့ဆုံပွဲတွင် တရုတ်နှင့် ဥရောပတို့သည် လက်တွေ့ကျပူးပေါင်း ဆောင်ရွက်ရေး အောင်ကျိုးရလဒ်နှင့် သဘောတူညီချက်များကို ရရှိခဲ့ပါသည်။ တရုတ်နှင့်ဥရောပ နှစ်ဖက်တို့သည် တရုတ်-ဥရောပ ပထဝီ indication သဘောတူညီချက်ကို ချုပ်ဆိုကြောင်း ကြေညာခဲ့ပါသည်။ တရုတ်-ဥရောပ ပထဝီ indication သဘောတူညီချက် တရားဝင် ချုပ်ဆိုခြင်းသည် နှစ်ဖက် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်ကို တစ်ဆင့် တိုးချဲ့ခြင်း ဖြစ်သည်ဟု ပညာရှင်များက ပြောကြားပါသည်။