朱蕾

ကုလသမဂ္ဂသည် ယခင်ကထက် ပိုမိုအရေးကြီး၊ တရုတ်သည် ကုလ၏ တာဝန်သိမှုရှိသော အမြဲတမ်းအဖွဲ့ဝင်ဖြစ်ကြောင်း ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ ပြောကြား

(GMT+08:00)2020-09-16 22:07:45  

  ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ မူဟာမက် ဘန်ဒေက လက်ရှိ အချိန်တွင် ကုလသမဂ္ဂသည် ယခင်အချိန်ကထက် ပိုမိုအရေးကြီးကြောင်း မကြာခင်က မီဒီယာအား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

  ကုလသမဂ္ဂအပေါ် တရုတ်နိုင်ငံမှ အခန်းကဏ္ဍကို ပြောကြားရာတွင် ဘန်ဒေက တရုတ်နိုင်ငံသည် နိုင်ငံတကာမိသားစုကြီး၏ အရေးကြီးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ၎င်း၏ကြီးမားလှသော စီးပွားရေးပမာဏ နှင့် အားကောင်းသော ကုန်ထုတ်နိုင်စွမ်းကြောင့် သာမကဘဲ ၎င်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအပေါ် အရေးကြီးတာဝန်ယူရကြောင်း၊ တရုတ်နိုင်ငံသည် မိမိ နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အလုပ်များကို အမြဲတမ်းထောက်ခံပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တာဝန်ယူတတ်သော အဖွဲ့ဝင်နိုင်ငံ အမြဲတမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။