辛甜

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် လက်တွဲ ကြိုးပမ်းပြီး အခက်အခဲကို ကျော်လွှားကာ နိုင်ငံတကာ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှု လက်တွဲ တွန်းအားပေးလိုပါကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2020-09-04 23:18:17  

တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် လက်တွဲ ကြိုးပမ်းပြီး အခက်အခဲကို ကျော်လွှားကာ နိုင်ငံတကာ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှု လက်တွဲ တွန်းအားပေးလိုပါကြောင်း ရှီကျင့်ဖိန် ဆို_fororder_vip0904

    ရှီကျင့်ဖိန်က၊ နိုင်ငံတကာ၌ ကူးစက်ရောဂါကို ဘက်စုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးကာ နိုင်ငံအသီးသီးတို့ အားလုံး ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ စီးပွါးရေး တည်ငြိမ်ရေး၊ ပြည်သူလူထု နေထိုင်မှုဘဝ ထိန်းသိမ်းရေးဆိုင်ရာ ကြီးလေးသော တာဝန်ကို ရင်ဆိုင် နေရကြောင်း၊ ယင်းသို့သော အခြေအနေတွင် တရုတ်နိုင်ငံသည် အခက်အခဲများကို ကျော်လွှားပြီး ယခုအကြိမ် အရေးကြီး နိုင်ငံတကာ စီးပွါးကုန်သွယ်ရေး လှုပ်ရှားမှုကို ပြုလုပ်သည့် ရည်မှန်းချက်မှာ နိုင်ငံအသီးသီးတို့နှင့် လက်တွဲ ကြိုးပမ်းပြီး အခက်အခဲကို ကျော်လွှားကာ နိုင်ငံတကာ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွါးရေး အမြန်ဆုံး နာလန်ပြန်ထူရေးကို လက်တွဲ တွန်းအားပေးရန် ဖြစ်ကြောင်း ပြောကြားပါသည်။