张晓宁

တရုတ်တပ်မတော်သည် ပြည်သူများနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်သည့် ကြံ့ခိုင်ပြတ်သားသော အင်အားဖြစ်

(GMT+08:00)2020-08-02 17:46:26  

ယခုနှစ် သြဂုတ်လ ၁ရက်နေ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခဲ့သည့် ၉၃နှစ်ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်သည်။

လွန်ခဲ့သည့် ၉၃နှစ် အတွင်း တရုတ် တပ်မတော်သည် အစကနဦးစိတ်မမေ့ဘဲ တာဝန်ဝတ္တရားကို စွဲစွဲမြဲမြဲမှတ်ထားပြီး တရုတ်ပြည်သူများကို ကြံ့ခိုင်အားကောင်းသော ထိန်းသိမ်းကာကွယ်သူ ဖြစ်ကြောင်း၊ ယခုနှစ်ဆန်းက ရုတ်တရက် ဖြစ်ပွားခဲ့သော ကိုဗစ်၁၉ ရောဂါကို ရင်ဆိုင်ရေး အတွက် တရုတ် တပ်မတော်သည် အကောင်းဆုံး  ဆေးကုသရေး ဝန်ထမ်းများကို ဝူဟန့်သို့ အချိန်မီ စေလွှတ်ပြီး ရောဂါ ခုခံကာကွယ်ရေးနှင့် ကုသရေး အတွက် ကျောရိုးမဏ္ဍိုင်ကျသော အင်အား ဖြစ်ကြောင်း၊ ယခုနှစ် နွေရာသီတွင် တရုတ်ပြည် တောင်ပိုင်း ဒေသများစွာ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု

ဖြစ်ပွားခဲ့ကြောင်း၊ တရုတ် တပ်မတော်သည် ရေဘေး ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးတွင် ဘေးသင့်ရာ ဒေသများက ပြည်သူများ၏ ကျောထောက်နောက်ခံ ထပ်မံ ဖြစ်လာကြောင်း China Media Groupက ဖော်ပြသည်။

    တရုတ် တပ်မတော်သည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်သည့် ကြံ့ခိုင်ပြတ်သားသော အင်အားလည်း ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၇၁နှစ် အတွင်း ကာကွယ်ရေးကို ရည်ရွယ်ထားသည့် နိုင်ငံတော် ကာကွယ်ရေး မူဝါဒကို တစ်လျှောက်လုံး စွဲကိုင်ထားကြောင်း၊ ယခုနှစ်သည် တရုတ်ပြည် အနေနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းတာဝန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် နှစ်၃၀ ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ တရုတ် တပ်မတော်သည် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဘက်ဝန်ထမ်း ၄သောင်းကျော်ကို စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် ၂၆ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် စစ်သည် ၁၀ဦးကျော်သည် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန် အတွက် အသက်ပေးလှူခဲ့ကြောင်း China Media Groupက ဖော်ပြသည်။

မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပီအိုက မိန့်ခွန်းပြောကြားရာတွင် တရုတ် တပ်မတော်သည် “အစိုးရ၏ ကမ္ဘာ့ကို ထိန်းချုပ်သည့် လက်ကိုင်တုတ်”ဖြစ်ကြောင်း၊  “ပြည်သူများကို ထိန်းသိမ်းကာကွယ်မှု မပြုကြောင်း” သားပုပ်လေလွင့်ပြောဆိုပါသည်။ ယင်းသည် ယုတ္တိမရှိသည့် ပြောဆိုချက် ဖြစ်ကြောင်း၊ တရုတ် တပ်မတော်သည် ပြည်တွင်း တွင် ပြည်သူများကို ထိန်းသိမ်းကာကွယ်သူ ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကမ္ဘာ့ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်သူ ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မိသားစုကြီး၏ ဘုံသဘောတူညီချက် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။