张晓宁

အမျိုးသားကျန်းမာရေးကော်မရှင်သည် ဟောင်ကောင်သို့ nucleic acid တိုင်းထွာစစ်ဆေးမှု ကူညီထောက်ပံ့ရေးအဖွဲ့ကို စေလွှတ်

(GMT+08:00)2020-08-02 17:45:24  

   ယခုတလော ဟောင်ကောင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေ ပြင်းထန်လာသောကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ တောင်းဆိုချက်အရ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်သည် nucleic acid တိုင်းထွာစစ်ဆေးမှု ကူညီထောက်ပံ့ရေးအဖွဲ့ကို လျင်မြန်စွာ ဖွဲ့စည်းပြီး မကြာမီတွင် ဟောင်ကောင်သို့ သွားရောက်ကာ အထူးအုပ်ချုပ်ရေးဒေသက ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ကူညီမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

     ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကျန်းမာရေးဌာနမှ ယခုလ ၁ ရက်နေ့က ထုတ်ပြန်ချက်အရ ၁ ရက်နေ့ သုညနာရီအထိ ဟောင်ကောင် လွန်ခဲ့သည့်ရက်တွင် အသစ်တိုးလာသော ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၅ ဦးရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၃၃၉၇ ဦးရှိသည်ဟု သိရပါသည်။