张晓宁

ယခုနှစ်၏ အမှတ် ၃ တိုင်ဖုန်းမုန်တိုင်းဖြစ်တည်လာပြီး၊ တရုတ်နိုင်ငံတော် သက်ဆိုင်ရာ ဌာနများက ခုခံကာကွယ်ရေးလုပ်ငန်း စီမံခန့်ခွဲနေ

(GMT+08:00)2020-08-02 17:46:45  

သြဂုတ်လ ၁ ရက်နေ့က ယခုနှစ်၏ အမှတ် ၃ တိုင်ဖုန်းမုန်တိုင်းဖြစ်သည့် SINLAKU သည် အနောက်မြောက် ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ပြင်၌ ဖြစ်တည်လာပြီး၊ တရုတ် အမျိုးသား ရေကြီးမှုနှင့်မိုးခေါင်မှု ကာကွယ်ရေး ကွပ်ကဲမှု ဌာနချုပ်ရုံးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဌာနတို့သည် ရေလျှံမှုကာကွယ်ရေးနှင့် တိုင်ဖုန်းမုန်တိုင်းကာကွယ်ရေးဆိုင်ရာ တိုင်ပင်  ဆွေးနွေးပွဲကို ကျင့်ပခဲ့ရာ၌ SINLAKU ခုခံကာကွယ်ရေးနှင့် အဓိကဒေသများမှ ရေလျှံမှု ကာကွယ်ရေးလုပ်ငန်းများကို တစ်ဆင့်တက် စီစဉ်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက  ရေးသားဖော်ပြသည်။