马宁

တရုတ်ပြည်အပေါ် ကန်နိုင်ငံရေးသမားအချို့၏ ဆန့်ကျင်ရေးပြောဆိုချက်နှင့်ဆောင်ရွက် မှုများသည် တရုတ်ပြည်သူများကို တရုတ်ကွန်မြူနစ်ပါတီနှင့် ပိုမို သွေးစည်းညီညွှတ် စေမည်ဟု တရုတ်ဆို

(GMT+08:00)2020-08-01 17:02:08  

  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်ပြည်အပေါ် အမေရိကန် နိုင်ငံရေးသမားအချို့၏ ဆန့်ကျင်ရေးပြောဆိုချက်နှင့်ဆောင်ရွက်မှုများသည် တရုတ် ပြည်သူများကို တရုတ်ကွန်မြူနစ်ပါတီနှင့် ပိုမို သွေးစည်းညီညွှတ်စေမည်ဖြစ်ကြောင်း၊ တရုတ် အမျိုးသား ပြန်လည်ရှင်သန်ရေးကို ဖော်ဆောင်ရန်နှင့် နိုင်ငံအသီးသီးတို့မှ ပြည်သူပြည်သားများနှင့်အတူ လူသားများ ကံကြမ္မာအသိုက်အဝန်း၏ အနာဂတ်ရေးကို အတူ ဖန်တီးကြရန် တရုတ်ပြည်သူများကို ပိုမို အားထုတ်ကြိုးပမ်းဆောင် ရွက်စေမည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။