马宁

ဟောင်ကောင်သည် ဥပဒေအရ ရွေးကောက်ပွဲကျင်းပချိန်ရွှေ့ဆိုင်းခြင်းသည် လူကို အရင်းခံခြင်းကို ပြဆိုပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီ

(GMT+08:00)2020-08-01 17:02:33  

  ကိုဗစ်-၁၉အခြေအနေပြင်းထန်လာသောကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Carrie Lam Cheng Yuet-ngor သည် ဇူလိုင်လ ၃၁ ရက်နေ့က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ၇ ကြိမ်မြောက် ဥပဒေပြုရေးအဖွဲ့ရွေးကောက်ပွဲကိုရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်ဗဟိုအစိုးရက  ပြည်သူအကျိုးစီးပွားနှင့် ဟောင်ကောင် လက်တွေ့အခြေအနေကို အခြေခံပြီး အုပ်ချုပ်ရေးမှူးနှင့် စီမံခန့်ခွဲရေးအဖွဲ့တို့ ဥပဒေအရ ပြုလုပ်သော ၄င်းဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဖေါ်ပြပါသည်။

  ယင်းသည် အထူးအချိန်ကာလတွင် ဥပဒေအရ ကျင့်သုံးသည့် အထူးလုပ်ဆောင်ချက်ဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသက လူကို အရင်းခံပြီး ဟောင်ကောင်သူဟောင်ကောင်သားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိပ်ဆုံးနေရာတွင် ထားခြင်းကို ပြဆိုကာ ပြုလုပ်သော ဆုံးဖြတ်ချက်သည် ဟောင်ကောင်သူဟောင်ကောင်သားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်သည့်အပြင် ဥပဒေပြုရေးအဖွဲ့ရွေးကောက်ပွဲ၏ လုံခြုံမှုနှင့် တရားမျှတမှုကိုလည်း ထိန်းသိမ်းကာကွယ်နိုင်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီသည်ဟု China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။