马宁

သူတို့ရဲ့ရုပ်ပုံ

(GMT+08:00)2020-08-01 16:58:39  

  သူတို့ရဲ့ရုပ်ပုံ_fororder_3

      တရုတ်ပြည်မှာ ပြည်သူလူထုများက သူတို့ကို “အချစ်ရဆုံးသူ”၊ “ပြည်သူများရဲ့ သား ညီနောင်များ”၊ “သံမဏိ မဟာတံတိုင်း” လို့ အမွှမ်းတင်ခေါ်ဝေါ်နေကြတယ်။ နိုင်ငံတော်ကို ကာကွယ်ဖို့ရော နယ်ခြားစောင့်ဖို့ပါ၊ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်တာရော ဘေးအန္တရာယ် ကယ်ဆယ်တာပါ သူတို့ဟာ အစဉ်တစိုက် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီး အင်အားပဲ ဖြစ်တယ်။

  ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးဇုန် ၇ ခုမှာ သူတို့ဟာ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း ကာကွယ်ပေးနေကြတယ်။

  သူတို့ရဲ့ နာမည်ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဖြစ်တယ်။

  ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တည်ထောင်ခဲ့တာ ဖြစ်တယ်။

သူတို့ရဲ့ရုပ်ပုံ_fororder_军人妈妈

  ဝူယာလိဟာ တရုတ် ကြည်းတပ် ဆေးပညာတက္ကသိုလ်မှ စစ်မှုထမ်း တစ်ယောက် ဖြစ်တယ်။ တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော် အကြိုညမှာ သူမဟာ အမိန့်ရပြီး ကူးစက်ရောဂါ အခြေအနေ ပြင်းထန်တဲ့ ဝူဟန့်မြို့ကို သွားရောက် ထောက်ပံ့ကူညီပေးမယ်။ သမီးလေး လိုက်ပို့ဆောင် နှုတ်ဆက်တဲ့အခါ သူမက သမီး မငိုနဲ့ မေမေက ပိုများတဲ့လူတွေကို ကူညီသွားမယ်လို့ နှစ်သိမ့် ပြောဆိုခဲ့တယ်။

သူတို့ရဲ့ရုပ်ပုံ_fororder_宝宝

  အလယ်စစ်နယ် ဆေးရုံမှ ဆေးဝန်ထမ်းများက ၁၄ ရက်ကြာ အစွမ်းကုန် ကယ်ဆယ် ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတဲ့ အမျိုးသမီး ရောဂါသည် တစ်ဦးက ချောမောစွာ မီးဖွားနိုင်ခဲ့ပါတယ်။ မွေးကင်းစကလေး ကူးစက်မှု ခံရခြင်း မရှိဘူးလို့ သတင်းရရှိတယ်။

သူတို့ရဲ့ရုပ်ပုံ_fororder_陈薇

  တရုတ် အနုဇီဝ ကူးစက်ရောဂါ ပညာရှင် ချင်ဝေဟာ ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်တယ်။ ၂၀၀၃ ခုနှစ်က သူမ လေ့လာ ဖေါ်ထုတ်တဲ့ ဆေးဟာ ဆာ့စ်ရောဂါ ခုခံ ကုသရေးမှာ သော့ချက်ကျတဲ့ အကျိုးဖြစ်ထွန်းမှု ပြုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က အနောက်အာဖရိက အီပိုလာ ကူးစက်ရောဂါ ဖြစ်ပွါးတဲ့နေရာမှာ သူမနဲ့ သူမ ဦးဆောင်တဲ့ အဖွဲ့တို့ ကာကွယ်ဆေးကို လေ့လာ ဖေါ်ထုတ်ခဲ့ပြီး ဒေသခံများက သူမကို “ဗိုင်းရပ်စ် အဆုံးသတ်သူ”လို့ ချစ်ခင်ရင်းနှီးစွာ ချီးကျူး ခေါ်ဝေါ်ကြတယ်။ ၂၀၂၀ ပြည့်နှစ်က ချင်ဝေ ဦးဆောင်တဲ့ အဖွဲ့က လေ့လာ ဖေါ်ထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရားဝင် စမ်းသပ်မှု ပြုလုပ်နေပြီး လူအများအတွက် အလင်းရောင် မျှော်လင့်ချက်ကို ဆောင်ကြဉ်းလာပါတယ်။

သူတို့ရဲ့ရုပ်ပုံ_fororder_抗洪1

  ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက တရုတ်ပြည် တောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေလွှမ်းမိုးမှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့တယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အရန်ပြည်သူ့တပ်ဖွဲ့မှ စစ်မှုထမ်းများဟာ အန်းဟွေးပြည်နယ် ရေဘေး ဖြစ်ပွါးရာ နေရာကို သွားပြီး နေ့ရောညပါ အနားမယူဘဲ ရေဘေးကာကွယ်ရေးကို ဆက်တိုက် ပြုလုပ်ကာ ဒေသခံ ပြည်သူလူထုများရဲ့ အသက်စည်းစိမ်များကို ကာကွယ်ပေးခဲ့ကြတယ်။

  တရုတ်လူမျိုး တပ်ဖွဲ့နဲ့ အရပ်သူအရပ်သားများရဲ့ ဆက်ဆံမှုဟာ ငါးနဲ့ရေလို ခွဲမရအောင် ခင်မင်တယ်လို့ ပြောလေ့ရှိတယ်။ အန်းဟွေး ဝူဝေမှာ ရေလွှမ်းမိုးမှုမှ ကယ်ဆယ်ခံရတဲ့ ဘွားဘွားကြီး တစ်ဦးက စစ်သား တစ်ဦးရဲ့ မျက်နှာပေါ်ရှိ ချွေးနဲ့ ရွှံ့ကို အသာလေး သုတ်ပစ်ပေးတဲ့ ဓါတ်ပုံဟာ လူအများရဲ့ အာရုံစူးစိုက်မှု ဖြစ်လာပါတယ်။ ဓါတ်ပုံထဲမှာ စစ်သားက ကျွန်တော်တို့သာ ကြိုးပမ်းအားထုတ်နေတာ မဟုတ်ဘဲ ပြည်သူလူထု ဒုနဲ့ဒေးနဲ့အတူ ကြိုးပမ်းအားထုတ်နေတာ ဖြစ်တယ်လို့ ဒီအကြိမ် ကယ်ဆယ်မှုတာဝန် ထမ်းဆောင်ခြင်းကနေ ကျွန်တော်တို့ တွေ့ရှိတယ်လို့ ပြောတယ်။

  တပ်သားများကို ထိပ်ဆုံးနေရာမှာ ထားရမယ်၊ အခြေခံအဆင့်က ပထမ နေရာ ထားရမယ်၊ စစ်မှုထမ်းများကို အမှန်တကယ် ဂရုစိုက်ပြီး ၄င်းတို့ရဲ့ကိစ္စကို စိတ်ထဲမှာအမြဲထားရမယ်လို့ ရှီကျင့်ဖိန်က ပြောကြားတယ်။

  ဥက္ကဋ္ဌရှီကျင့်ဖိန်ဟာ အခြေခံအဆင့်စစ်မှုထမ်းများကို အမြဲဂရုစိုက် အလေးထားပြီး အခြေခံတပ်ဖွဲ့သို့ အကြိမ်ပေါင်းများစွာ သွားရောက် လေ့လာကြည့်ရှုခဲ့တယ်။ နယ်စပ်စောင့်ဂိတ်၊ ကုန်းပြင်မြင့်ဒေသ၊ ကုန်းပတ် စတဲ့နေရာကို သွားရောက်ပြီး တပ်ဖွဲ့အခြေအနေကို လေ့လာကြည့်ရှုကာ တပ်သားများအတွက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးတယ်။

  ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခဲ့တဲ့ နှစ် ၉၀ ပြည့် အထိမ်းအမှတ် ညီလာခံမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ပြည်သူ့တပ်ဖွဲ့ရဲ့ အမြစ်ဟာ ပြည်သူများထဲမှာ တွယ်တာ ဖြစ်တယ်၊ ပြည်သူ့ စစ်ပွဲရဲ့ အင်အားဟာ ပြည်သူများထဲမှာ အရင်းအမြစ် ခံတာ ဖြစ်တယ်။ တပ်မတော် တစ်ခုလုံး အနေနဲ့ ပြည်သူများကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထားရမယ်၊ ပြည်သူများအတွက် စစ်ဆင်နွှဲဖို့ မွန်မြတ်တဲ့ တာဝန်ဝတ္တရားကို စွဲစွဲမြဲမြဲ မှတ်ထားရမယ်၊ ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ကုန်ထုတ်လုပ်မှုနဲ့ နေထိုင်မှုဘဝကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်ပေးရမယ်လို့ မှာကြားခဲ့ပါတယ်။

  

သူတို့ရဲ့ရုပ်ပုံ_fororder_军事观察员

  ၁၉၉၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံက ပထမအသုတ် စစ်ရေးအကဲခတ်များကို စေလွှတ် ခဲ့တဲ့နောက်ပိုင်း တရုတ်နိုင်ငံဟာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်မှုထမ်း စုစုပေါင်း ၄ သောင်းကျော် စေလွှတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆောင်ရွက်မှု လုပ်ငန်း ဆိုင်ရာ အဓိက စစ်မှုထမ်းများ စေလွှတ်တဲ့နိုင်ငံနဲ့ ငွေရင်း ထုတ်ပေးတဲ့ နိုင်ငံ ဖြစ်လာ ပါတယ်။ လက်ရှိအချိန်မှာ တရုတ် စစ်မှုထမ်း ၂၅၀၀ ကျော်တို့ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်ပြီး အရန် စစ်မှုထမ်း ၈၀၀၀ ခန့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတာဝန် ထမ်းဆောင်ဖို့ အချိန်မရွေး အဆင်သင့် ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်။

  ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ကုလသမဂ္ဂရဲ့ တောင်းဆိုချက်အရ တရုတ် နိုင်ငံဟာ ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂ ယာယီဌာနသို့ စစ်မှုထမ်း ၄၀၀ ပါဝင်တဲ့ အင်ဂျင်နီယာ တပ်ဖွဲ့ကို စေလွှတ်ခဲ့တယ်။ အဲဒါဟာ တရုတ်အစိုးရမှ စေလွှတ်တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆောင်ရွက်မှုမှာ ပါဝင်တဲ့ ပထမဆုံးသော “ဦးထုပ်ပြာ တပ်ဖွဲ့” ဖြစ်ပါတယ်။

  တရုတ် “ဦးထုပ်ပြာ တပ်ဖွဲ့”ဟာ အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး ရက် ၄၀ ကြာ ကြိုးပမ်းအားထုတ်ပြီးနောက် ရှမ်တင် လေဆိပ်ကို ပြီးမြောက်အောင် ဆောက်လုပ် ပေးခဲ့ပါတယ်။

  အီပိုလာဟာ လက်ရှိအချိန်အထိ သေဆုံးမှုနှုန်း အမြင့်ဆုံးသော ကူးစက်ရောဂါ ဗိုင်းရပ်စ် တစ်မျိုး ဖြစ်တယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အီပိုလာ ကူးစက်ရောဂါဟာ အာဖရိက နိုင်ငံများစွာမှာ ပြင်းထန်ဆိုးဝါးစွာ ဖြစ်ပွါးခဲ့တယ်။ တရုတ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဟာ လစ်ဗျား၊ ကွန်ဂို စတဲ့ နိုင်ငံများမှာ ဆေးဝါးကုသရေး၊ စောင့်ကြပ်ရေး စတဲ့ တာဝန်များကို ထမ်းဆောင်ပေးခဲ့ပါတယ်။

သူတို့ရဲ့ရုပ်ပုံ_fororder_奖章  

      ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း တရုတ် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဟာ ကားလမ်း ကီလိုမီတာ ၁၅၀၀၀ ကျော်နဲ့ တံတား ၃၀၀ ကျော်ကို ဆောက်လုပ်ပေးခဲ့ပြီး၊ မိုင်းဗုံး ၁ သောင်းကျော်ကို ဖယ်ပေးခဲ့တယ်၊ အမျိုးမျိုးသော ကုန်ပစ္စည်း တန် ၁၂ သိန်းကျော် ပို့ဆောင်ပြီး ဒေသခံ ရောဂါသည် ၂ သိန်းကျော်ကို ကုသပေးခဲ့ပါတယ်။ တရုတ် အရည်အသွေး၊ တရုတ်စံချိန်စံနှုန်းနဲ့ တရုတ်မြန်နှုန်းတို့ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကြီးမှ တန်ဖိုးထားချီးကျူးမှုကို ရရှိပါတယ်။

  တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ အစဉ်တစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးမှာ အကျိုးပြု စွမ်းဆောင်သူ၊ နိုင်ငံတကာ စည်းစနစ်များကို ထိန်းသိမ်းကာကွယ်သူ ဖြစ်ပြီး တရုတ် တပ်မတော်ဟာ အစဉ်တစိုက် ကမ္ဘာ့ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးရဲ့ ခိုင်မာတဲ့ အင်အား ဖြစ်တယ်။ တရုတ်တပ်မတော်ဟာ ယခင်ကလိုပဲ နိုင်ငံတကာ စစ်ရေး ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ပြီး လူသားကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးအတွက် အကျိုးပြုစွမ်းဆောင်မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။