马宁

ပွန်ပီအိုသည် “နိုင်ငံတော် လုံခြုံရေး”ကို အကြောင်းပြုပြီး တရုတ် ကုမ္ပဏီကို ထိန်းချုပ်ဟန့်တား

(GMT+08:00)2020-08-01 16:59:11  

  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပီအိုသည် မကြာခင်က ကာလီဖိုနီးယားပြည်နယ်တွင် မိန့်ခွန်းပြောကြားရာ၌ တရုတ် သိပ္ပံနည်းပညာ ကုမ္ပဏီ ဟွာဝေးသည် “အမေရိကန် နိုင်ငံတော် လုံခြုံရေး အပေါ် ခြိမ်းခြောက်မှု”ဖြစ်ကြောင်း ထပ်မံသားပုပ်လေလွင့်ပြောဆိုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရသည်။

  ဟွာဝေး အပါအဝင် သက်ဆိုင်ရာ တရုတ် ကုမ္ပဏီများ အပေါ် အမေရိကန် နိုင်ငံရေး သမားမှ ထိန်းချုပ်ဟန့်တားသည့် ရည်ရွယ်ချက်မှာ 5Gဆက်သွယ်ရေး စသည့် နယ်ပယ်များတွင် တရုတ် သိပ္ပံနည်းပညာ ကုမ္ပဏီများ၏ ရှေ့တန်းပြေးခြင်းကို ဟန့်တားရန် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

  လွန်ခဲ့သည့် နှစ်များတွင် တရုတ် ကုမ္ပဏီများသည် ဈေးကွက် စည်းမျဉ်းဥပဒေများ၏ အခြေခံပေါ်တွင် အမေရိကန်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး အမေရိကန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်နေရာ တိုးပွားမှုကို တွန်းအားပေးကာ အမေရိကန် စီးပွားရေး အတွက် အလွန်ကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြောင်း၊ အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသန စင်တာမှ တရုတ်ပြည် အပေါ် ကုန်သွယ်ရေး ရေးရာ ပညာရှင် Scott Kennedyက တရုတ်ပြည်နှင့် ဆက်ဆံမှု ဖြတ်တောက်ခြင်းသည် အမေရိကန် စီးပွားရေး အတွက် မှားယွင်းသည့်  ဆောင်ရွက်ချက် ဖြစ်ပြီး အမေရိကန်၏ နိုင်ငံတော် လုံခြုံရေး အပေါ် ထိခိုက်စေမည်ဟု ပြောကြားကြောင်း China Media Groupက ဖော်ပြသည်။

  တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့ရေစီးကြောင်း ဖြစ်ကြောင်း၊ ပွန်ပီအို အပါအဝင် အမေရိကန် နိုင်ငံရေး သမားအချို့အား အခြေအနေနှင့် တရုတ်ပြည် အပေါ် မှားယွင်းစွာ အကဲဖြတ်မှုကို မပြုဘဲ ဗိုလ်ကျစိုးမိုးရေး ဝါဒကို အမြန်ဆုံး စွန့်လွှတ်ပြီး အမေရိကန် ပြည်သူများ၊ ကုမ္ပဏီများနှင့် နိုင်ငံတော် အကျိုးစီးပွား အတွက် အကျိုးရှိစေသည့် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ရန် နှိုးဆော်တိုက်တွန်းကြောင်း China Media Groupက ဖော်ပြသည်။