徐敏霞

အကြမ်းဖက် ဆောင်ရွက်မှုနှင့် ဖျက်ဆီးမှုများကို ဟောင်ကောင် အစိုးရ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

(GMT+08:00)2019-09-22 10:06:20  

ယခုလ ၂၁ ရက်နေ့က ဟောင်ကောင်၌ အစွန်းရောက် ဆန္ဒပြသူများသည် တွန်မွန် အပါအဝင် ရပ်ကွက်များ၌ အကြမ်းဖက် ဆောင်ရွက်မှုနှင့် ဖျက်ဆီးမှုများကို ပြုလုပ် ခဲ့ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ၂၁ ရက်နေ့ညက တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူသည် အထက်ပါ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ပြောရေးဆိုခွင့်ရှိသူက၊ မြို့သူမြို့သားများ၏ လုံခြုံမှုကို အာမခံပေးရန်နှင့် ရပ်ရွာ အေးချမ်းတည်ငြိမ်မှု ပြန်လည် ရရှိစေရန် ရဲတို့သည် ဥပဒေကျူးလွန်မှုများကို ရည်ရွယ်ပြီး ဆောင်ရွက်မှုများ ပြတ်ပြတ်သားသား ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။