徐敏霞

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ သံအဆက်အသွယ် ထားရှိ

(GMT+08:00)2019-09-22 10:05:40  

ယခုလ ၂၁ ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဆော်လမွန်ကျွန်းစု နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာနေလေနှင့် ပီကင်း၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ သံအဆက်အသွယ် ထားရှိရေး ပူးတွဲပြန်တမ်းကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။ နှစ်ဖက်တို့က၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွါးနှင့် ဆန္ဒများနှင့်အညီ နှစ်နိုင်ငံတို့သည် ပြန်တမ်း ချုပ်ဆိုသည့် ရက်မှ စ၍ သံအမတ်ကြီးအဆင့် သံအဆက်အသွယ်ကို အပြန်အလှန် အသိအမှတ်ပြုပြီး တည်ထောင်ပါကြောင်း ကြေညာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။