朱蕾

ပထမဆုံးအကြိမ်မြောက် တရုတ်-ဘရာဇီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ပြပွဲ ဖွင့်လှစ်

(GMT+08:00)2019-08-13 11:26:50  

ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့က Rio de Janeiro ဆိုင်ရာ တရုတ်ကောင်စစ်ဝန် ချုပ်ရုံးနှင့် Rio de Janeiro ပြည်နယ်အစိုးရတို့ ပူးတွဲကျင်းပသည့် ပထမဆုံးအကြိမ်မြောက် တရုတ်-ဘရာဇီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားပြပွဲကို Rio ၌ ဖွင့်လှစ်ခဲ့ရာ၊ တရုတ်၊ ဘရာဇီး ပြည်သူများအကြားချစ်ကြည်ရေးတိုးပွားစေရေးနှင့် လူသားကံကြမ္မာအသိုက်အဝန်းအတူ တည်ဆောက်ရေးအတွက် ပလက်ဖောင်းကို ဖန်တီးပေးခဲ့ကြောင်း China Media Group က ဖော်ပြသည်။

ယခုအကြိမ် တရုတ်-ဘရာဇီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့အထိ၊ Rio ပြည်နယ်နှင့် Minas Gerais ပြည်နယ်၌ ရှေ့ဆင့်​နောက်​ဆက် ကျင်းပသွားမည်ဟု သတင်းအရသိရသည်။