朱蕾

အကြမ်းဖက်မှုများကို ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချ

(GMT+08:00)2019-08-13 11:26:20  

      ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည်၊ ယခုလ ၁၂ ရက်နေ့ ညနေပိုင်း က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး၊ စီမံအုပ်ချုပ်ရေး ဦးစီးဌာနညွန်ချုပ် ကျန်းကျန့်ဇွန်းက အထူးအုပ်ချုပ်ရေးဒေသအစိုးရအနေနှင့် အကြမ်းဖက်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ ပြီး၊ ရဲဘက်အား ဥပဒေကျင့်သုံးရန် အားပေးထောက်ခံကြောင်းပြောကြားခဲ့သည်။ အထူး အုပ်ချုပ်ရေးဒေသအစိုးရ လမ်းပန်းဆက်သွယ်ရေးနှင့် အိုးအိမ်ရေးရာဦးစီးဌာန ညွှန်ချုပ် ချိန်ဖန်က ထိုနေ့၌ လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် တရားမဝင် စုစည်းမှုကြောင့် ဟောင်ကောင်လေဆိပ်လည်ပတ်မှုကို ဘက်စုံရပ်တန့်စေခဲ့သဖြင့်၊ ဟောင်ကောင်ဒေသ အား ဆိုးရွားစွာ ဆုံးရှုံးနစ်နာစေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။