梅皓

တရုတ်နှင့် ဂျပန်တို့ ကမ္ဘာ အတွက် အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်း

(GMT+08:00)2019-08-13 12:02:56  

  မကြာခင်က တရုတ်နှင့် ဂျပန် နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဒုဝန်ကြီးတို့သည် ဂျပန်နိုင်ငံ နာဂါနိုတွင် အကြိမ်သစ် တရုတ်-ဂျပန် မဟာဗျူဟာ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ ခဲ့ကြကြောင်း၊ ယင်းသည် ၂၀၁၂ခုနှစ် အလွန်မှာ နှစ်နိုင်ငံတို့သည် ၄င်းဆွေးနွေးရေး စနစ်ကို ပြန်လည်ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ အိုဆာကာ တွေ့ဆုံဆွေးနွေးပွဲ တွင်ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို တက်ကြွစွာ လက်တွေ့ အကောင်အထည်ဖော်ဆောင်ပြီး ခေတ်ကာလသစ် လိုအပ်မှုနှင့် ကိုက်ညီသော တရုတ်- ဂျပန် ဆက်ဆံမှုကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟု နှစ်ဖက်တို့က အသိအမှတ်ပြုခဲ့ကြကြောင်း၊ ယင်းသည် အဆင်ပြေမှုများ ကြုံတွေ့ခဲ့သော တရုတ်-ဂျပန် ဆက်ဆံမှုဟာ တစ်ဆင့်တိုး ပြန်လည် နွေးထွေးလာနေခြင်းကို ပြဆိုနေကြောင်း China Media Groupမှ သိရသည်။

  ယခုအကြိမ် မဟာဗျူဟာ ဆွေးနွေးပွဲ ပြန်လည် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ အိုဆာကာ တွေ့ဆုံဆွေးနွေးပွဲ တွင်ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို လက်တွေ့ အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ သော့ချက်မှာ တရုတ်-ဂျပန် ဆက်ဆံရေး သဘောတူညီချက် ၁၀ခု၏ လမ်းညွှန်မှုဖြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ်တိုးပွားစေပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု တိုးမြှင့်ရေး၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍရေးနှင့် ငွေရေးကြေးရေး၊ ဆေးဝါးကုသရေး၊ သက်ကြီးရွယ်အို ထိန်းသိမ်းစောင့်ရှောက်ရေး၊ စွမ်းအင်ချွေတာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် ခရီးသွားလာရေး စသည့် နယ်ပယ်များတွင် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်ကြောင်း China Media Groupက ဖော်ပြသည်။

  လက်ရှိအချိန်တွင် တရုတ်-ဂျပန် ဆက်ဆံမှု ကောင်းမွန်လာနေသည့် အခွင့်ကောင်းကို တန်ဖိုးထားသင့်ကြောင်း၊ သို့သော် နှစ်နိုင်ငံတို့အကြား အကဲဆတ်သော ပြဿနာများ ရှိမြဲရှိနေသေးကြောင်း၊ နှစ်ဖက်တို့သည် ၄င်းပြဿနာများကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး သဘောကွဲလွဲမှုနှင့် ပဋိပက္ခများကို အပြုသဘောဆောင်သော သဘောထားဖြင့် စီမံထိန်းချုပ်ကာ ခေတ်ကာလသစ် လိုအပ်မှုနှင့် ကိုက်ညီသော တရုတ်-ဂျပန် ဆက်ဆံမှုကို တည်ဆောက်ရန် အတွက် ကောင်းမွန်သော အခြေအနေကို ဖန်တီးပေးသင့်ကြောင်း၊ နှစ်နိုင်ငံတို့သည် မတည်မငြိမ်ဖြစ်နေသော ကမ္ဘာအတွက် အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်းလာသင့်ကြောင်း China Media Groupက ဖော်ပြသည်။