张晓宁

မကာအိုတွင် နိုင်ငံတကာဖိုရမ်ကိုကျင်းပ

(GMT+08:00)2019-08-13 14:47:38  

ယမန်နေ့ ၁၂ရက်နေ့က ကွမ်ကျူး၊ ဟောင်ကောင်နှင့်မကာအိုပင်လယ်ကွေ့ ဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး ယဉ်ကျေးမှုတာဝန်ဆိုင်ရာနိုင်ငံတကာဖိုရမ်ကို မကာအိုတွင်ဖွင့်လှစ်ခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်း၊ ဟောင်ကောင်နှင့် မကာအိုဒေသ၊ ဂျာမဏီ၊ အမေရိကန်၊ ပေါ်တူဂီ၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ဘရာဇီးစသော နိုင်ငံနှင့် ဒေသများမှ ပညာရှင် ၆၀ကျော်တို့သည် ပင်လယ်ကွေ့ဒေသကြီး၏ ယဉ်ကျေးမှုတည်ထောင်ခြင်းနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။