徐敏霞

တရုတ်နှင့် အမေရိကန် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု နိုင်ငံတကာဖိုရမ် ကျင်းပပြီးစီး

(GMT+08:00)2019-07-11 10:34:01  

图片默认标题_fororder_全国政协副主席、中美交流基金会创办人董建华(李纳新摄).JPG

图片默认标题_fororder_香港中文大学高等金融研究院理事会主席刘遵义(李纳新摄).JPG

图片默认标题_fororder_中国国际经济交流中心副理事长魏建国(李纳新摄).JPG

တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် တရုတ်- အမေရိကန် ကူလူးဖလှယ်ရေး ရန်ပုံငွေအဖွဲ့တို့ ပူးတွဲ ကျင်းပသော "တရုတ်-အမေရိကန် စီးပွါး ကုန်သွယ်ရေး ဆက်ဆံမှု -- လက်ရှိ အခြေအနေနှင့် အနာဂတ်ရေး" နိုင်ငံတကာ ဖိုရမ်ကို ယခုလ ၁၀ ရက်နေ့က ဟောင်ကောင်၌ ကျင်းပပြီးစီးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အစည်းအဝေး တက်ရောက်သူများက၊ တရုတ်နှင့် အမေရိကန်တို့ စီးပွါးကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်ခြင်းသည် အပြုသဘောဆောင်သော အချက် ပြနေကြောင်း၊ ယင်းသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့၏ အကျိုးစီးပွါးနှင့် ကိုက်ညီ ရုံသာမက ကမ္ဘာ့ စီးပွါးရေးအတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း ယူဆကြပါသည်။

နှစ်ရက်ကြာ ဖိုရမ်တွင်၊ တရုတ်၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံနှင့် ဒေသမှ ကိုယ်စားလှယ်များသည် တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု၊ တရုတ်နှင့် အမေရိကန် ဆက်ဆံမှု၏ လက်ရှိ အခြေအနေနှင့် အနာဂတ်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ နိုင်ငံတကာ စီမံခန့်ခွဲရေးနှင့် နိုင်ငံစုံဝါဒ၏ အနာဂတ်ရေး စသည့် အကြောင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ (ကျော့)