朱蕾

အီရန် နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူစာချုပ် ထိန်းသိမ်းရန် နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ ကောင်စီဝင်နိုင်ငံများ တောင်းဆို

(GMT+08:00)2019-07-11 10:29:12  

နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့ကောင်စီသည် ယခုလ ၁၀ ရက်နေ့က ဗီယင်နာ၌ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီး၊ အီရန်နိုင်ငံက အီရန်နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူစာချုပ် လက်တွေ့ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေး ဆွေးနွေးခဲ့ရာ၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီအပါအဝင် ကောင်စီဝင်နိုင်ငံ ၃၅ နိုင်ငံတို့မှ ကိုယ်စာလှယ်များတက်ရောက်ခဲ့ကြကြောင်း၊ အီရန်နှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များသည်လည်း မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖူ့ဆွန်းနှင့် ကိုယ်စားလှယ်အဖွဲ့တို့လည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။