刘晓宇

အီရန်နိုင်ငံသည် နျူကလီးယားပြဿနာဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲအပေါ် ပွင့်လင်းသော သဘောထား

(GMT+08:00)2019-07-11 16:38:24  

        အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလ ၁၀ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အီရန်နိုင်ငံသည် နျူကလီးယားပြဿနာဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲအပေါ် ပွင့်လင်းသော သဘောထားကြောင်း အီရန်သတင်းအသံလွှင့်ဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားသည်။

        အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဆာဝီက အီရန်နိုင်ငံသည် နျူကလီးယားပြဿနာဆိုင်ရာ တင်းမာသောအခြေအနေ မရှာကြံလိုကြောင်း၊ ဥရောပနိုင်ငံများသည် လက်ရှိအကျပ်အတည်းကို လျော့နည်းစေချင်လျှင် အကျပ်အတည်းဖြစ်ပွားသည့် အကြောင်းရင်းကို ဖြေရှင်းရန် တာဝန်ဝတ္တရားရှိကြောင်း ပြောကြားသည်။