朱蕾

ပထမဆုံးအကြိမ် တရုတ်-အီတလီ ဘဏ္ဍာရေးဝန်ကြီးများဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2019-07-11 10:24:45  

တရုတ်ဘဏ္ဍာရေးဝန်ကြီး လျူခွန်သည်၊ ယခုလ ၁၀ ရက်နေ့က အီတလီဘဏ္ဍာရေး ဝန်ကြီး Giovanni Tria နှင့်၊ ပထမဆုံးအကြိမ် တရုတ်-အီတလီ ဘဏ္ဍာရေးဝန်ကြီးများ ဆွေးနွေးပွဲကို အတူကြီးမှူးကျင်းပသည့်အပြင်၊ တရုတ်-အီတလီ ငွေကြေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရသည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ ကမ္ဘာ့မက်​က​ရို စီးပွားရေးအခြေအနေနှင့် ကမ္ဘာ့စီးပွားရေး စီမံ ခန့်ခွဲမှု၊ တရုတ်-အီတလီ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု၊ငွေကြေးပူးပေါင်း ဆောင်ရွက်မှု နှင့် ငွေကြေးကြီးကြပ်မှု၊ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သတင်းအရသိရသည်။