徐敏霞

ဇွန်လ ၁၁ ရက်နေ့သည် ၁၅ နှစ်မြောက် တရုတ် ပင်လယ် ရေကြောင်းနေ့ ဖြစ်သည်

(GMT+08:00)2019-07-11 09:39:57  

ဇွန်လ ၁၁ ရက်နေ့သည် ၁၅ နှစ်မြောက် တရုတ် ပင်လယ် ရေကြောင်းနေ့ ဖြစ်သဖြင့် တရုတ်နိုင်ငံသည် "ပင်လယ် ရေကြောင်းပို့ဆောင်မှု အရည်အသွေး မြင့်မားစွာ တိုးတက်ရေး" ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ်မည် ဖြစ်ကြောင်း၊ Belt and Road တစ်လျှောက် နိုင်ငံနှင့် ဒေသများမှ ဆိပ်ကမ်း၊ ပင်လယ် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် စုစုပေါင်း ၄၀၀ ကျော်တို့သည် အခမ်းအနားများသို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် ပင်လယ် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြား ကုန်သည်များ၏ နိုင်ငံတကာ ပင်လယ်ရေကြောင်း ပို့ဆောင်မှု လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရေး အစုရှယ်ယာ အချိုးအစားဆိုင်ရာ ကန့်သတ်မှုများကို ဖျက်သိမ်းထားပြီ ဖြစ်ပြီး နိုင်ငံခြား ကုန်သည်များသည် တရုတ်ပြည်တွင်း၌ သီးသန့်ငွေရင်းဖြင့် ကုမ္ပဏီ တည်ထောင်မှု၊ နိုင်ငံတကာ ရေယာဉ် သင်္ဘော ပို့ဆောင်မှု၊ ကိုယ်စားပြု လုပ်ဆောင်မှု စသည့် လုပ်ငန်းများကို လုပ်ဆောင်လို့ ရပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထို့ပြင် တရုတ်နိုင်ငံသည် အော်တိုမက်တစ် ကုန်သေတ္တာ ဆိပ်ကမ်းကို အဓိကထားသည့် စမတ် ဆိပ်ကမ်း တည်ဆောက်မှုကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ကျော့)