刘晓宇

လီခေ့ချန်သည် ပရာယွတ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2019-06-12 11:30:18  

        ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ပရာယွတ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တာဝန် ထပ်မံထမ်းဆောင်ခြင်းအပေါ် ထောမနာပြုကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ သဝဏ်လွှာပေးပို့ခဲ့ရာ လီခေ့ချန်က မကြာခင်နှစ်များအတွင် ပရာယွတ်၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ အနာဂတ်တွင် ပရာယွတ်အနေနှင့် ထိုင်းပြည်သူပြည်သားများကို ဆက်လက် ဦးဆောင်ပြီး ထိုင်းနိုင်ငံကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-ထိုင်း နှစ်နိုင်ငံတို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံမှုရှိပြီး Belt and Road အဆိုပြုချက် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ မိမိအနေနှင့် ပရာယွတ်နှင့်အတူ တရုတ်-ထိုင်း ချစ်ကြည်ရေး အစဉ်အလာ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံပြည်သူပြည်သားများအတွက် ပိုမို အကျိုးဆောင်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြသည်။