朱蕾

သက်ဆိုင်ရာ ဘက်များအနေနှင့် အီရန်နျူကလီးယား သဘောတူစာချုပ် ဘက်စုံကျင့်သုံး ရေးလမ်းကြောင်းပေါ်သို့ ပြန်ရောက်ရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2019-06-12 11:20:23  

ဗီယင်နာရှိ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် ဝမ်ချွင်က ယခုလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့်  နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ကောင်စီအစည်းအဝေး၌ သက်ဆိုင်ရာ ဘက်များအနေနှင့်၊ အီရန် နျူကလီးယား သဘောတူ စာချုပ် ဘက်စုံကျင့်သုံးရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

 ဆက်လက်၍ ဝမ်ချွင်က အီရန်နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူ စာချုပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ စစ်ဆေးအတည်ပြုသော ဘက်ပေါင်းစုံ သဘောတူစာချုပ်ဖြစ်သဖြင့်၊ ဘက်စုံတည်ငြိမ်စွာ လက်တွေ့ဖော်ဆောင်သင့်ကြောင်း၊ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အမေရိကန်ဘက်မှ အလွန်အမင်းဖိအားပေးခြင်း နှင့် တစ်ဖက်သတ်အရေးယူခြင်းကြောင့်၊ သဘောတူစာချုပ်ကျင့်သုံးရာ၌ ကြမ်းတမ်းသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပြီး၊ အရှေ့အလယ်ပိုင်းအခြေအနေလည်း ဆက်လက်တင်းမာလာ နေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။