刘晓宇

ကိုယ်ကျိုးစီးပွားကာကွယ်ရေးလုပ်ရပ်သည် နိုင်ငံတကာ လုပ်အားဈေးကွက်နှင့် စီးပွားရေးအပေါ် ဆိုးကျိုးရှိစေကြောင်း မက်ဗီဒက်ဗ်ဆို

(GMT+08:00)2019-06-12 11:31:39  

        ရုရှားဝန်ကြီးချုပ် မက်ဗီဒက်ဗ်က အချို့နိုင်ငံ ပြုလုပ်သော ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆောင်ရွက်မှုများသည် နိုင်ငံတကာ လုပ်အားဈေးကွက်နှင့် စီးပွားရေးအပေါ် ဆိုးကျိုးရှိစေနေပြီဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က ဂျီနီဗာမြို့၌ ကျင်းပသော နိုင်ငံတကာ အလုပ်သမားညီလာခံ၌ အလေးထား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        မက်ဗီဒက်ဗ်က ရုရှားနိုင်ငံသည် တံခါးဖွင့်မူကို စွဲကိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှစ်ခုစလုံးကို လေးစားကြောင်း အလေးထား ပြောကြားသည်။