梅皓
Belt and Road အတူ တည်ဆောက်ရေးသည် နိုင်ငံ အသီးသီးတို့၏ အတူ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်ကောင်း ထောက်ပံ့ပေးနေသည်ဟု မြန်မာ မီဒီယာသမားဆို
(GMT+08:00)2019-06-12 15:16:57  
  မြန်မာ နိုင်ငံ  Northern Light Journalမှ အယ်ဒီတာချုပ် ဦးဝင်းတင်သည် မကြာခင်က တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာ ဌာနမှ ကျင်းပခဲ့သော Belt and Road မီဒီယာ ဖိုရမ်သို့ တက်ရောက်ခဲ့ကြောင်း၊ ဖိုရမ်တွင် ၄င်းက Belt and Road အတူ တည်ဆောက်ရေးသည် နိုင်ငံ အသီးသီးတို့၏ အတူ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်ကောင်း ထောက်ပံ့ပေးနေကြောင်း ပြောကြားသည်ဟု တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။
  ဦးဝင်းတင်က Belt and Road အတူ တည်ဆောက်ရေး အဆိုးပြုချက်၏ အနှစ်သာရသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံမှုသာမကဘဲ မတူခြားနားသည့် လူမျိုးများ အကြား ကူးလူးဖလှယ်မှုကိုရော၊ မတူခြားနားသည့် ယဉ်ကျေးမှုများ အကြား ကူးလူး ဆက်ဆံမှုကိုရော၊ ပြည်သူများ၏ ဆန္ဒချင်း ဆက်နွှယ်ထားမှုနှင့် ချစ်ကြည်မှုများကိုပါ တိုးမြှင့်ကြောင်း ပြောကြားသည်။
  ထို့အပြင်၊ ဦးဝင်းတင်က အပြန်အလှန် ဆက်ဆံရေးသည် Belt and Road အတူ တည်ဆောက်ရေး အတွက် သော့ချက်ကျကြောင်း၊ အခြေခံ အဆောက်အအုံသည် အပြန်အလှန် ဆက်ဆံရေး အတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြောကြားသည်။