马宁

ဘက်ပေါင်းစုံဝါဒသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဂျာမဏီဝန်ကြီးချုပ် မာကယ်လ် ဆို

(GMT+08:00)2019-06-12 11:34:04  

  လက်ရှိအချိန်တွင် ဘက်ပေါင်းစုံဝါဒသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ အလျှော့ပေးခြင်း နှင့် စေ့စပ်ဖျန်ဖြေပေးခြင်းဖြင့် အခြေအနေကို တိုးတက် ကောင်းမွန်စေအောင် တွန်းအားပေးသင့်ကြောင်း၊ ဂျာမဏီ ဝန်ကြီးချုပ် မာကယ်လ်က ၁၁ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗါ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ထိုနေ့တွင် နိုင်ငံတကာ အလုပ်သမားများ ညီလာခံကို ကျင်းပရာတွင် မာကယ်လ်က လက်ရှိ ဘက်ပေါင်းစုံဝါဒသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ လူအများက ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်သော်လည်း အလျှော့ပေးခြင်း နှင့် စေ့စပ်ဖျန်ဖြေပေးခြင်းကို ရှာကြံရန်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမူ ဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။