朱蕾

ကန်အနေနှင့် ဟောင်ကောင်ရေးရာနှင့် တရုတ်ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်စွက်မှု မှန်သမျှ ရပ်စဲရန် တရုတ် ပန်ကြား

(GMT+08:00)2019-06-12 12:18:44  

 အမေရိကန် အနေနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရက သက်ဆိုင်ရာ စည်းမျဉ်းဥပဒေကို ဥပဒေအရ ပြင်ဆင်ခြင်းအပေါ် ပကတိအတိုင်း သမာသမတ်ကျ စွာရှုမြင် သုံးသပ်ပြီး၊ ဟောင်ကောင်ရေးရားနှင့် တရုတ်ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ရပ်စဲရန် တရုတ်ဘက်မှ ပန်ကြားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ယခုလ ၁၁ ရက်နေ့တွင် ပီကင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ဆက်လက်၍ ကင်စွမ်က ဟောင်ကောင်ရေးရာများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စပင်ဖြစ်ပြီး၊ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့် တစ်ဦးချင်းမဆို၊ ဝင်စွက်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။