宋冉

အာရှ ယဉ်ကျေးမှု ကာနီဗယ်ပွဲတော် တင်ဆက်ဖျော်ဖြေ၊ အန်ဒရီ ပိုစေလီ သည် Nessun Dorma သီဆိုမည်

(GMT+08:00)2019-05-15 18:54:14  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

 ကမ္ဘာ့ နာမည်အကြီးဆုံး တင်းနား အဆိုတော်ကြီး လေးဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည့် အီတလီ နိုင်ငံသား အန်ဒရီ ပိုစေလီသည် အသက် ၁၂ နှစ် အရွယ်တုန်းက ဘောလုံးကန်ခဲ့ချိန်တွင် မတော်တဆ ဖြစ်မှုကြောင့် မျက်မမြင် တစ်ဦး ဖြစ်ခဲ့ရှာသည်။ ယခုလ ၁၅ ရက်နေ့ညတွင် အန်ဒရီ ပိုစေလီသည် ပီကင်း၌ ကျင်းပသော အာရှ ယဉ်ကျေးမှု ကာနီဗယ်ပွဲတော်တွင် တေးပြဇာတ် Turandot ၌ Nessun Dorma ကို သီဆိုသွားမည် ဖြစ်ပါသည်။

လာမည့်နှစ်သည် တရုတ်-အီတလီ သံအဆက်အသွယ် ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ယင်းနှင့် ပတ်သက်ပြီး အန်ဒရီ ပိုစေလီက၊ လွန်ခဲ့သည့်နှစ်များက တရုတ်နှင့် အီတလီတို့ ယဉ်ကျေးမှုနှင့် တေးဂီတ နယ်ပယ်၌ ကူးလူး ဖလှယ်မှု နက်ရှိုင်းလာခြင်းကို ဝမ်းသာအားရစွာ မြင်တွေ့ရကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ၏ တေဂီတ လောကသားများသည် ပိုမို များပြားစွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း၊ တေးဂီတသည် လူသား အားလုံး နားလည်သည့် နိုင်ငံတကာ ဘာသာစကား တစ်မျိုးလို ဖြစ်ပြီး မတူခြားနားသော ယဉ်ကျေးမှုများအကြား အပြန်အလှန် နားလည်မှုကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း၊ အပြန်အလှန် နားလည်မှုသည် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး၏ အခြေခံ ဖြစ်ကြောင်း သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားပါသည်။